စားသောက်ဆိုင်များအတွက် တိုက်ရိုက်အော်ဒါစနစ်က ဘာကြောင့် အရေးကြီးသလဲ

ယနေ့ခေတ်တွင် အွန်လိုင်းမှ အစားအသောက်မှာယူသူများ ပိုမိုများပြားလာသော်လည်း ပြင်ပ ဒယ်လီ (Delivery) နှင့် Marketplace ပလက်ဖောင်းများကိုသာ မှီခိုနေရခြင်းက ဝယ်ယူသူများနှင့် ရေရှည်ဆက်ဆံရေး တည်ဆောက်ရန် ခက်ခဲစေနိုင်ပါသည်။ တိုက်ရိုက်အော်ဒါစနစ်ကို အသုံးပြုခြင်းဖြင့် စားသောက်ဆိုင်များက ကိုယ်ပိုင်အမှတ်တံဆိပ်ပါ Website မှတစ်ဆင့် ပါဆယ်နှင့် ဒယ်လီအော်ဒါများကို တိုက်ရိုက်လက်ခံနိုင်စေပါသည်။

  • ဝင်ငွေပိုမိုထိန်းသိမ်းနိုင်ခြင်း

    တိုက်ရိုက်အော်ဒါစနစ်သည် သင့်ကိုယ်ပိုင်ပလက်ဖောင်းမှတစ်ဆင့် ဝင်ရောက်လာသောကြောင့် ပြင်ပ ပလက်ဖောင်းများအပေါ် မှီခိုမှုကို လျှော့ချနိုင်ပြီး၊ သင့်အမြတ်ငွေကို ပိုမိုထိရောက်စွာ တိုးမြှင့်ရရှိနိုင်မည်ဖြစ်သည်။

  • စားသုံးသူများးနှင့် ခိုင်မာသော ဆက်ဆံရေးတည်ဆောက်ခြင်း

    တိုက်ရိုက်အော်ဒါစနစ်မှတစ်ဆင့် ဝယ်ယူသူများ၏ မှာယူမှုမှတ်တမ်းနှင့် အကြိုက်နှစ်သက်မှုများကို စုဆောင်းသိမ်းဆည်းနိုင်ပါသည်။ ဤအချက်အလက်များကို အသုံးပြု၍ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပြီး ဝယ်ယူသူများ၏ လိုအပ်ချက်ကို ပိုမိုနားလည်သဘောပေါက်လာစေမည်ဖြစ်သည်။

  • အချိန်မရွေး အော်ဒါလက်ခံနိုင်ခြင်း

    ဆိုင်ဖွင့်ချိန်အတွင်း စားသုံးသူများသည် ဖုန်းခေါ်ရန် သို့မဟုတ် ဝန်ထမ်းတစ်ဦးက အော်ဒါယူပေးရန် စောင့်ဆိုင်းစရာမလိုဘဲ ပါဆယ် သို့မဟုတ် ဒယ်လီ အော်ဒါများကို အချိန်မရွေး မှာယူနိုင်သည်။

  • ထပ်မံမှာယူမှုများ တိုးပွားစေခြင်း

    အဆင်ပြေလွယ်ကူသော အော်ဒါမှာယူမှုအတွေ့အကြုံသည် ဝယ်ယူသူများအား ထပ်မံလာရောက်စေရန် အဓိကဆွဲဆောင်နိုင်ပါသည်။ ထို့အပြင် ကိုယ်ပိုင်အော်ဒါဝဘ်ဆိုက် (Website) မှတစ်ဆင့် အထူးကမ်းလှမ်းချက်များ၊ လျှော့စျေးများနှင့် ရာသီအလိုက် အစားအစာများကိုလည်း စားသုံးသူများထံ တိုက်ရိုက်ကြော်ငြာပေးနိုင်ပါသည်။

  • အမှတ်တံဆိပ်ကို ပိုမိုခိုင်မာစေခြင်း

    သင့်အော်ဒါဝဘ်ဆိုက်သည် လိုဂို၊ အရောင်များ၊ မီနူးနှင့် ပရိုမိုးရှင်းများအပါအဝင် စားသောက်ဆိုင်၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ထင်ဟပ်စေသည်။ ဖောက်သည်များသည် သင့်စားသောက်ဆိုင်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ခံစားရသော တသမတ်တည်းအတွေ့အကြုံကို ရရှိမည်ဖြစ်သည်။

လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်ပြီး ရောင်းအားကို တိုးမြှင့်ပါ

ကြားခံမလိုဘဲ ဆိုင် တိုက်ရိုက်အော်ဒါများ လက်ခံပြီး သင့်ဆိုင်၏ စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါ။

သင့်ဖောက်သည်များထံမှ အော်ဒါများကို တိုက်ရိုက်လက်ခံပါ
ဝယ်ယူသူများနှင့် ဆက်ဆံရေး တည်ဆောက်ပါ

ဝယ်ယူသူများနှင့် ဆက်ဆံရေး တည်ဆောက်ပါ

ဝယ်ယူသူများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဆိုင်အား အမြဲတမ်း ပြန်လည်လာရောက်မှာယူစေရန် ဆွဲဆောင်ပါ

ပါဆယ်နှင့် ဒယ်လီ

ပါဆယ်နှင့် ဒယ်လီ

စားသုံးသူများအား အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ မှာယူနိုင်စေသည်

QR ကုဒ်ဖြင့် အော်ဒါမှာယူခြင်း

QR ကုဒ်ဖြင့် အော်ဒါမှာယူခြင်း

ဝန်ဆောင်မှုကို ပိုမိုမြန်ဆန်စေပြီး စားသုံးသူများ၏ စောင့်ဆိုင်းချိန်ကို လျှော့ချပါ

ပရိုမိုးရှင်းနှင့် ဝယ်ယူသူများအား ဆွဲဆောင်ခြင်း

ပရိုမိုးရှင်းနှင့် ဝယ်ယူသူများအား ဆွဲဆောင်ခြင်း

ပထမဆုံးလာရောက်သူများကို ပုံမှန်ဝယ်ယူသူများအဖြစ် ပြောင်းလဲနိုင်စေရန် လုပ်ဆောင်ပါ

FAQs

ပါဆယ်နှင့် ဒယ်လီအော်ဒါများကို အွန်လိုင်းမှ မှာယူနိုင်ပါသလား

QR ကုဒ်အော်ဒါစနစ်က ဘယ်လိုအလုပ်လုပ်သလဲ

ပရိုမိုးရှင်းနှင့် ကူပွန်ကုဒ်များ ဖန်တီးနိုင်ပါသလား

စားသုံးသူနှင့် အော်ဒါအချက်အလက်များကို ကိုယ်တိုင်ပိုင်ဆိုင်ပါသလား

ဆိုင်ဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီလား

သင့်လုပ်ငန်းတွင် စတင်အသုံးပြုနိုင်ဖို့အတွက် လုပ်ငန်းစဉ်တစ်လျှောက် အဆင်ပြေချောမွေ့နိုင်စေရန် ကျွန်ုပ်တို့အဖွဲ့မှ အနီးကပ် ကူညီ ပံ့ပိုးပေးသွားပါမည်။

Shop Illustration