အော်ဒါလက်ခံမှုနှင့် ပို့ဆောင်ရေး စနစ်တကျရှိခြင်း
စားသောက်ဆိုင်ဝဘ်ဆိုက်သည် ဖောက်သည်များအတွက် တိုက်ရိုက်အော်ဒါတင်နိုင်သော နေရာတစ်ခုဖြစ်ပြီး ပို့ဆောင်ရေး၊ ဆိုင်တွင်း QR အော်ဒါ၊ အမှတ်တံဆိပ်ပုံရိပ်၊ ပြန်လည်မှာယူမှုနှင့် Social Media မှလာသော အော်ဒါများကို စနစ်တကျ စီမံနိုင်စေပါသည်။
- နေရာမရွေး မှာယူနိုင်ခြင်း
အော်ဒါမှာယူသူများသည် အိမ်မှဖြစ်စေ၊ မည်သည့်နေရာမှမဆို ဝဘ်ဆိုက်မှတစ်ဆင့် အော်ဒါတင်နိုင်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ပို့ဆောင်ပေးနိုင်သည့် Delivery Zone များကို ဝဘ်ဆိုက်တွင် သတ်မှတ်နိုင်သည့်အပြင် Delivery Fee ကိုလည်း နယ်မြေအလိုက် သို့မဟုတ် အကွာအဝေးအလိုက် မိမိတို့ကိုယ်တိုင် သတ်မှတ်ပြောင်းလဲနိုင်သောကြောင့် ပို့ဆောင်မှုအပိုင်းကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ပါသည်။
- ဆိုင်တွင်းစားသုံးသူများအတွက် အဆင်ပြေစေခြင်း
ဆိုင်သို့ လာရောက်စားသုံးသူများသည် ဝန်ထမ်းကို စောင့်ဆိုင်းရန်မလိုဘဲ QR Code စကင်ဖတ်၍ ဝဘ်ဆိုက်မှတစ်ဆင့် တိုက်ရိုက်မှာယူနိုင်ပါသည်။ ဤစနစ်က ဝန်ထမ်းအင်အား သက်သာစေပြီး အော်ဒါအမှားအယွင်းမရှိဘဲ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။
- စိတ်ကြိုက်ပြင်ဆင်နိုင်သော Brand ပုံရိပ်
လုပ်ငန်း၏ Logo အရောင်နှင့် Font များကို Brand နှင့်အညီ ပြင်ဆင်နိုင်ပြီး စနစ်တကျရှိသော ဆိုင်၏ပုံရိပ်ကို ဖန်တီးနိုင်ပါသည်။
- ပြန်လည်မှာယူသူများအတွက် Rewards Program
ရွေးချယ်နိုင်သော Add-ons များ၊ ပွင့်လင်းမြင်သာသော ဈေးနှုန်းနှင့် အထူး Coupons များဖြင့် သင့်ဆိုင်၏ အရောင်းကိုမြှင့်တင်ပြီး၊ စားသုံးသူများကို ပုံမှန် ဖောက်သည်များအဖြစ် ပြောင်းလဲနိုင်ပါသည်။
- Facebook/Messenger မှတစ်ဆင့် အော်ဒါလက်ခံခြင်း
Facebook၊ Messenger နှင့် အခြား Social Media ပလက်ဖောင်းများမှ သင့် Website သို့ တိုက်ရိုက်ချိတ်ဆက်နိုင်သဖြင့် မီနူးကြည့်ရှုခြင်း၊ အော်ဒါတင်ခြင်း များကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။







